Human resources are very imprortant if one wants to get results. Appmemobile company ios development team is composed of excellent specialists. Great programmers, managers and other specialists define our company.

မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံ နှင့်ဇီဝိတဒါနအသင်း၏ သိကောင်းစရာအကြောင်းအရာများ

ဤမွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံကို (၁၉၃၇) ခုနှစ်မှစ၍ ဆေးခန်းငယ်အဖြစ်တည်ထောင်ခဲ့ပါသည်။ အလ္လာယ်ရှင်မြတ်၏ ကျေးဇူးတော်နှင့်ဟာဂျီဆူလေမန်ကာစင်မဒါးမှဦးဆောင်အုပ်မြစ်ချ ပြီး လူအများစု၏ထောက်ခံအားပေးမှုကြောင့်တဖြည်းဖြည်းချင်း ကုတင်(၁၃၀) ဆန့်ဆေးရုံအဖြစ် ဖြစ်တည်လာပါသည်။ ဤဆေးရုံသည် လူမျိုးဘာသာ မခွဲခြားပဲ ဆင်းရဲသူ၊ ဆင်းရဲသားများအတွက်ဖွင့်လှစ်ထားပါသည်။ ရန်ကုန်မြို့လယ်ခေါင်တွင်တည်ရှိပါသဖြင့်လူနာများလွယ်ကူစွာလာရောက် ဆေးကုသမှုခံယူနိုင်သည်။

ဤဆေးရုံသည်အများပြည်သူများ ၊ အဖွဲ့အစည်းများနိုင်ငံတော်အစိုးရနှင့်နိုင်ငံတော်အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများနိုင်ငံခြားမှအလှုရှင်များ၏ ကူညီမူကြောင့်ယခုတိုင် အဓွန့်ရှည်စွာရပ်တည်နေခဲ့ခြင်းဖြစ်ပါ သည်။

ဤဆေးရုံတွင် အတွင်းလူနာဆောင် (၄) မျိုးရှိပြီး ၄င်းတို့နှင့်ပက်သက်သော ပြင်ပလူနာ ဌာနများနှင့် သွားနှင့်ခံတွင်းဌာန၊ စိတ်ရောဂါကုဌာန တို့လည်းရှိကြပါသည်။ ယခုအခါ Haemodialysis (ကျောက်ကပ်တုသန့်စင်) ဌာနလည်းထပ်မံဖွင့်လှစ်ဆောင်ရွက်နေပါသည်။ ပြင်ပလူနာဌာနများတွင်တစ်ရက်လျှင် လူဦးရေ (၂၀၀ မှ ၂၅၀) ခန့်လာရောက်ကုသမှုခံယူကြပါသည်။ ဤဆေးရုံသည် မြန်မာနိုင်ငံတွင်ရှေးအကျဆုံး NGO (အန်ဂျီအို) တစ်ခုဖြစ်ပြီး ယနေ့ထက်တိုင် ဆင်းရဲသူ၊ဆင်းရဲသားများ၏အားထားစရာဖြစ်ပါသည်။ ယခုအခါကုန်ဈေးနူန်းကြီးမြင့်လာမှုနှင့်ကျန်းမာရေးစောင့်ရှောက်စရိတ်မြင့်တက်လာမှုကြောင့်ဆင်းရဲသူ၊ ဆင်းရဲသားများ၏ အားထားရာဖြစ်လာပါသည်။ ဤဆေးရုံသည် တစ်ချိန်တစ်ခါတုန်းက မျက်စိဆေးရုံ အဖြစ်နာမည်ကြီးခဲ့ပါသည်။ ဤ ဆေးရုံတွင် ကျော်ကြားသောမျက်စိဆရာဝန်ကြီးများလာရောက်၍ ဆေးကုသပေးခဲ့ဖူးပါသည်။ မျက်စိလာရောက်ကုသသော လူနာများတွင် ရဟန်းသံဃာတော်များလည်းပါဝင်ပါသည်။

(12) (13) Well-wishers from Malaysia visiting the hospital andd giving donations. (19) (23)